ငါမင်းကိုမြတ်နိုးတယ်

ဆရာဝန်ရဲ့


စမ်းသပ်ချက်နဲ့ 

... 

ဖြေထွက်သလို


ငါ့အကြောင်းကို


ပြောပြရရင်……


ခွဲစိတ်ခန်းဝင်ပီး


အရေးတကြီး…


ကုစားရမှာ…


ငါ့နှလုံးသားပါ…။


ဆေးပညာအရ


ရောဂါဘယ…


ကင်းစင်ပတဲ့…


ငါနှလုံးသားက…


မင်းကိုတွေမှ…


အမည်ဖော်မရ…


ရောဂါထလို့ …


အိပ်ရစားရ…


အဆင်မပြေလှ…


ငြိမ်နေလိုမရ…


ငါ့စိတ်တွေက…


ပြေးလွှားလိုနေ…


မင်းဆီကိုလေ…။


ဒီရောဂါဆိုး


ဘယ်ဆေးတိုးမလဲ


ငါလည်းမတွေးတတ်ဘူး……


ညနေဆည်းဆာ


ရောက်လာမှာကို…


ပျော်သလိုလို……


ကျောက်သလိုလိုပဲ…


ငါကိုယ်တိုင်လဲ…


ဝေခွဲမရ……


"ည"ဆိုတာကို…


နှစ်သက်လာသလိုပဲ…။


ကြယ်ဖွေးဖွေးနဲ့ 


ညလေးတွေက…


ငါကိုအဖော်ပြု……


အခုဆို………


မင်းရှိရာကို…


ငါအလိုလို…


သတ္တိတွေပိုကာ…


အမှောင်မှာစမ်းလို့ …


မင်းရှိရာလမ်းဘက်ကို…


ငါထွက်တတ်နေပီ…။


မင်းအသံနဲ


့မင်းပုံရိပ်……


တွေ့ ချင်ကြားချင်စိတ်နဲ့ 


အမှောင်ကိုတိုး……


ခွေးဆိုးဆိုးတွေကဟောင်…


"ခြေအေးဝမ်းရောင်"


"ခွေးဟောင်ပြန်ပြေး"


ဒီစကားပုံလေးကိုတွေး…


ငါပြုံးမိသေးတယ်…


မင်းကြောင့်ရတဲ့ ရောဂါအတွက်ပေါ့ကွယ်….။


မနက်လင်းလည်း…ဒီစိတ်ပဲ 


နေ့ လည်ခင်းလည်း…ဒီစိတ်ပဲ


အပိုမထင်နဲ့  (စာဖတ်သူ)…


ခင်ဗျားတို့ လည်း…


ကြုံဖူးမယ်…။


အချိန်တိုင်းမှာ


ငိုင်တိုင်တိုင်နဲ့ …


မင်းအကြောင်းတွေး…


"ဟဲ့ ကောင်လေး"


ဘာငေးနေတာလဲ…???


"အမေ "ဟဲ" မှ…


ဒီလိုပါပဲ……


သဖြဲလေးနဲ့ ငါ…


မင်းပေးတဲ့ရောဂါကြောင့်ပါ။


ဆိုးလိုက်တာ…


ချစ်ရသူရာ……


ဒီဝေဒနာ……


မင်းကယ်ပါမှ……


ချမ်းသာရမှာမို့ …


မင်းလမ်းအလာကို…


စောင့်ကာကြိုရင်း…


ငါ့ရင်တွင်းက…


"ချစ်ခွန်းစကား" 


မင်းကြားစေဖို့ …


အားကိုမွေးလို့ …


စောင့်နေမယ်……


လာပါတော့ကွယ်…


ချစ်ရသူရယ်……… လို့ 


ဆုတောင်းနေတုန်း


ရောဂါပေးတဲ့မိန်းကလေး


ဘယ်ပြေးမလဲရယ်လို့ …


စိတ်ကသာကျိန်းဝါး……


ငါ့လက်ဖဝါးတွေအေးစက်…


နဖူးကချွေးထွက်……


ဖြစ်နေတဲ့ငါ့ရဲ့ပုံ…


ဒူးတွေကတုန်လို့ …


နှလုံးခုန်တာတော့


ဘယ်လိုနေလဲမမေးနဲ့ …


စစ်ပွဲမှာဗုံးကြဲနေသလို…


ငါ့ရင်တွေဖို……။


ချွေးတွေကိုသုတ်


လက်သီးဆုပ်လို့ …


ဒူးကိုတောင့်ထား…


ယောက်ျားသားလို့ …


ပြောဖို့ စကားပြင်…


မြင်နေရက်နဲ့ …


"တစ်ယောက်တည်းလား"


(မမြင်ဘူးလား ကန်းနေလား)


ပြန်များပြောရင်လို့ ……


ထိတ်ထိတ်နဲ့ ပင်…


ဆက်ခါပြော……


မနောကဖြူ……


ချစ်ရသူက…


ပြုံးကာပြတော့…


ကောင်းကင်တစ်ခုလုံး…


မီးဟုန်းဟုန်းတောက်သလို…


အံ့သြမိတယ်……။


ဒီလိုနဲ့ …


ငါ့စကားက…


"ချစ်တယ်ကွ" အထိ


ရောက်ကာသွားတော့…


ပြောလိုက်တာများ……


"အချစ်ကခါးတယ်ဆိုပဲ"


စိတ်ထဲကတွေး


"ကိုအငဲ" ရဲ့သီချင်းလေး…


သတိရလိုက်သေး………


အချိန်ပေးတုန်း… 


သိမ်းကျုံးပီးချင်တယ်…


မိန်းခလေးရယ်……


"ဘုရင်မတစ်ပါး"


"မင်းဖြစ်သွားလည်း"


"မင်းအနီးအနား"


"အစေအပါးလေး"


"ငါနေပေးချင်တယ်"


"အမြဲမြင်တွေ့ ခွင့်"


"ရချင်လို့ ပါလုံမလေးရာ"


"အဲလောက်ချစ်တာပါ"။


မင်းထင်ထားတာ


အချစ်ကအခါးဆိုရင်


ယုံကြည်စွာနဲ့ စား…


လုံးဝမခါးတဲ့…


ထန်းလျှက်လိုအချစ်နဲ့ 


မင်းကိုချစ်တာပါ…


မင်းအိမ်နားနီးလို့ …


နင်မြည်းဖတ်ဖို့ …


ဒီကဗျာလေး…


ငါပေးလိုက်မယ်…


သေချာတွေးလို့ …


ဆုံးဖြတ်ပေးပါကွယ်…


ချိုတာခါးတာ


မင်းနှလုံးသားလျှာက


ဆုံးဖြတ်ပြပါ…။


ငါ့ရောဂါက


မင်းဆေးနဲ့ မှ…


ပျောက်ရမှာမို့ …


မင်းအတွက်နဲ့ …


အိပ်ရေးပျက်လျှက်…


အသက်မထွက်စေချင်ရင်…


ငါလိုနေတဲ့ဆေး……


မင်းကိုယ်တိုင်ပေးလို့ …


ငါကျန်းမာရေး……


ဂရုစိုက်ပေးပါ…


ငါကျန်းမာချင်ပြီကွာ…။


ချို့ တဲ့… တဲ့ငါ့ကမ္ဘာ


မင်းလာပြုစုပေးပါ……


ငါခံစားနေရတာ…


မင်းကို ချစ်တဲ့ စိတ်ကြောင့်ပါ……


စိတ္တဇ အတွေးနဲ့ ……


ကြယ်ဖွေဖွေးနဲ့ ……


ညလေးမှာ……


မင်းဖြေလွှာကို…


မျှော်လင့်ရင်းနဲ့ …


နံနက်ခင်းရဲ့……


နေရောင်ခြည်ကို……


စောင့်ကာကြိုရင်း…


သက်ပြင်းလေးချလို့ ……


ဆုတောင်းနေမယ်……


"ငါမင်းကို မြတ်နိုးတယ်"


Comments